စင်ကာပူ တိုပါယိုရှိ မီးလောင်မှုကြောင့် မိသားစုတစ်စု အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူ၇ ဦး ဆေးရုံတင်ရ

Jul 30 • 4:08 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ တိုပါယိုရှိ မီးလောင်မှုကြောင့် မိသားစုတစ်စု အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူ၇ ဦး ဆေးရုံတင်ရ

ဇွန် ၂၉ရက်နေ့လယ် ၁ နာရီခန့်က စင်ကာပူနိုင်ငံ၊Toa Payoh Lorong 8 ရှိ အမှတ် ၂၂၉ တိုက်ခန်း ၁၀ လွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးတန်ချီဆီယာ ၏ နေအိမ်...

ဇွန် ၂၉ရက်နေ့လယ် ၁ နာရီခန့်က စင်ကာပူနိုင်ငံ၊Toa Payoh Lorong 8 ရှိ အမှတ် ၂၂၉ တိုက်ခန်း ၁၀ လွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးတန်ချီဆီယာ ၏ နေအိမ် မီးထဲပါသွားခဲ့သည်။ ဦးတန်သည် ဇနီးသည်၏ ဖုန်းခေါ်ဆိုမှုကြောင့် အိမ်သို့အမြန်ဆုံးပြန်လာခဲ့ပြီး ဇနီးသည် မီးဘေးမှ လွတ်မြောက်ခဲ့ခြင်းကို ဦးစွာစိတ်သက်သာရာ ရခဲ့သည်။ သို့သော် သူ၏နေအိမ်သည် ပြင်းထန်စွာမီးလောင်ကျွမ်းနေပြီး ပြတင်းပေါက်များမှ မီးတောက်များ ထွက်နေသည်ကို တွေ့လိုက်ရသောအခါ “အကုန်လုံး ပျက်စီးသွားပြီ” ဟု အသက် ၅၅ နှစ်အရွယ် ဦးတန်က ပြောသည်။မီးလောင်မှုသည် ၁၀ လွှာရှိ ဦးတန်၏ နေအိမ်မှ စတင်ခဲ့ပြီး အပေါ်ထပ်ယူနစ်သို့ ကူးစက်ခဲ့ကာ ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် ကလေးတစ်ဦးနှင့် မီးသတ်သမားတစ်ဦး အပါအဝင် လူ ၇ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ဦးတန်၏ ဇနီး (၄၁ နှစ်) နှင့် အိမ်အကူတို့သည် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသူများတွင် ပါဝင်သည်။


news-view-count-icon

8