တောင်ကြီး–လွိုင်လင် လမ်းမပျက်စီးမှုနှင့် စစ်ဆေးတင်း​ကြပ်မှုကြောင့် ခရီးသည်များ အချိန်ဆုံး၊ ကုန်ကျစရိတ်မြင့်တက်

Jul 28 • 12:44 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး–လွိုင်လင် လမ်းမပျက်စီးမှုနှင့် စစ်ဆေးတင်း​ကြပ်မှုကြောင့် ခရီးသည်များ အချိန်ဆုံး၊ ကုန်ကျစရိတ်မြင့်တက်

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ နယ်ထမ်ဆမ်းဂူအကျော်၊ မိုင်းပွန်တောင်တက်လမ်းနှင့် လွိုင်လင်ဝင်မိုက်ခရိုဝေ့ လမ်းကြားတွင် မြေပြိုခြင်း၊ ကျောက်တုံးကျောက်စိုင်မျ...

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ နယ်ထမ်ဆမ်းဂူအကျော်၊ မိုင်းပွန်တောင်တက်လမ်းနှင့် လွိုင်လင်ဝင်မိုက်ခရိုဝေ့ လမ်းကြားတွင် မြေပြိုခြင်း၊ ကျောက်တုံးကျောက်စိုင်များကြောင့် မော်တော်ယာဉ်များ သုံးနာရီကျော်ကြာ မောင်းနှင်နေရကြောင်း ယာဉ်မောင်းအချို့က ပြော သည်။ ထမ်ဆမ်းဂူ အကျော်နားတွင် လမ်းကျဉ်းတောင်ပတ် လမ်း နှစ်နေရာရှိပြီး ၊ တစ်ဖက် ချောက်အတွင်း မြေအမာခံ မရှိသဖြင့် မြေကြီးများ၊ ကျောက်တုံးများကို ချောက်တွင်း ပစ်ချကာ ၊ ကွန်ကရစ်များ သွန်ချသော နည်းလမ်းဖြင့် လမ်းပြင်ဆင်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုသို့ တောင်ကြီး - လွိုင်လင် သွားလမ်း ယာဉ်ကြော ကြပ်တည်းခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ပင်လုံ - ကျောက်တန်းလမ်းကို ပြောင်းလဲ မောင်းနှင်သော ယာဉ်လိုင်းများလည်း ရှိကြောင်း ယာဉ်မောင်း ဆရာက ဆိုသည်။



news-view-count-icon

27