ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ ကုန်းစောင်းကျေးရွာနှင့် သိမ်းကုန်းကျေးရွာ၌ တောင်ကျရေမှတဆင့် ရုတ်တရက်ရေကြီးသောကြောင့် အနည်းဆုံးလူ (၆)ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။"ရှမ်းတောင် /ပင်းတယ (၆)ဦးကျော် ေ-သဆုံးပါတယ်၊ ပြန်တွေ့တဲ့ ဘော်ဒီတွေလည်းရပါပြီ၊ ကူညီရေး ဆောင်ရွက်နေပါတယ်"ဟု ဒေသခံတစ်ဦးက မျှဝေထားသည်။ ယမန်နေ့ညက ရုတ်တရက် ရေကြီးမှုကြောင့် ကုန်းစောင်းကျေးရွာမှ လူ့အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။"သိမ်းကုန်းက လူမေ-သဘူး၊ စိုက်ခင်းတွေ ပျ-က်ကုန်တယ်၊ မနေ့ညက ရေရုတ်တရက် ဆင်းလာတယ်ပြောတယ်" ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပြသည်။
ပင်းတယတွင် ရေကြီးမှုဖြစ်ပွားပြီး အနည်းဆုံး လူ (၆)ဦးနီးအသက်ဆုံးရှုံး၊ ရွှေဥမင်ဘုရားရှိ ဆိုင်ခန်း(၄)ခန်း ပြိုကျ
Jul 28 • 9:28 AM
မြန်မာ
ရှမ်း
မျှဝေမည်
4 | 0 | 0 | 0 |