မန္တလေး အိုးပုတ်ပွဲ ၂ ရက်တာ ကျင်းပမည်

Jul 27 • 4:42 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး အိုးပုတ်ပွဲ ၂ ရက်တာ ကျင်းပမည်

မန္တလေးမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့၊ အိုးပုတ်ပွဲတော်ကို၊ ဒီနှစ်မှာတော့ နှစ်ရက်တာကျင်းပ ပြုလုပ်သွားဖို့စီစဉ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။နှစ်စဉ်၊ ဝါခေါင်လဆန်း...

မန္တလေးမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့၊ အိုးပုတ်ပွဲတော်ကို၊ ဒီနှစ်မှာတော့ နှစ်ရက်တာကျင်းပ ပြုလုပ်သွားဖို့စီစဉ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။နှစ်စဉ်၊ ဝါခေါင်လဆန်း ၈ ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိတဲ့အိုးပုတ်ပွဲတော်ကို၊ ဒီနှစ်မှာတော့ ပျော်ပွဲရွှင် ပွဲတွေနဲ့ အတူ၊ နှစ်ရက်တာခင်းကျင်းကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ပွဲတော်ရက်တွေမှာ၊ အိုးပုတ်သည်တွေအပြင်၊ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်နဲ့ မုန့်ပဲသရေစာအရောင်းဆိုင်တွေလည်း၊ ပါဝင်ခင်းကျင်းရောင်းချပေးသွားမှာလို့သိရပါတယ်။မန္တလေးမြို့ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်က၊ မန္တလေးမြို့အနောက်မြောက်ဘက် အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်မှာရှိတာပါ။အိုးပုတ်ခိုးပွဲတော်လို့လည်းခေါ်ကြပြီး၊ နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့မှာကျင်းပပြုလုပ်တာလို့ သိရပါတယ်။


news-view-count-icon

19