တက္ကသိုလ်ဝင်တန်းအောင်ချက် တနင်္သာရီတိုင်း နံပါတ် ၅ ချိတ်

Jul 27 • 12:12 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

တက္ကသိုလ်ဝင်တန်းအောင်ချက် တနင်္သာရီတိုင်း နံပါတ် ၅ ချိတ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် တနင်္သာရီတိုင်းက အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၅၈ ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် ၅ ချိတ်ကြောင်း တိုင်းပညာရေးမှူး...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် တနင်္သာရီတိုင်းက အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၅၈ ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် ၅ ချိတ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။အောင်ချက်အမြင့်ဆုံးမှာ မွန်ပြည်နယ်၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး၊ တတိယအများဆုံးမှာ ကယားပြည်နယ်၊ စတုတ္ထအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၄၅၄၁ ဦးရှိသည့်အနက် အောင်မြင်သူ ၂၂၉၇ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ဘာသာစုံ ဂုဏ်ထူးရှင် ကိုးဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၀၃ ဦးရှိကြောင်း ဆိုသည်။



news-view-count-icon

4