မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သထုံမြို့နယ်၊ ကျိုက္ကော်စျေးရှေ့ရေကျော်၊ မော်လမြိုင်-ရန်ကုန် ယာဉ်အသွားအလာ ယာယီပိတ်ထား

Jul 27 • 3:26 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သထုံမြို့နယ်၊ ကျိုက္ကော်စျေးရှေ့ရေကျော်၊ မော်လမြိုင်-ရန်ကုန် ယာဉ်အသွားအလာ ယာယီပိတ်ထား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တွင် ‌ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာဇ...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တွင် ‌ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ကျိုက်ကော်ရပ်ကွက်ဘုရားကြီးလမ်းနှင့် မြို့မဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ရေကျော်လာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။လက်ရှိတွင် အဆိုပါနေရာမှ သွားလာမည့် ‌ မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားသည်အတွက် ခရီးသွားမည်သူများ စုံစမ်းပြီးမှ သွားကြရန် သတိပေးထားသလို ကျိုက္ကော် ဟင်းသီး၊ ဟင်းရွက်၊ အသားငါးဈေးကိုလည်း ဆက်သွယ်ရေးလမ်းဆုံသို့ ရွှေ့ပြောင်းကာ ရောင်းချပေးနေပါတယ်။


news-view-count-icon

9