မိုးရွာပြီးရှမ်းတောင်မှ ရှမ်းပြည်မြောက်ကိုသွားသည့် နမ့်လန်-ကျောက်ဂူ ကားလမ်းပျက်နေ၍ ကုန်ကားများစွာ ပိတ်မိနေကြောင်း ဇူလိုင်(၂၆)ရက်တွင် သိရသည်။ယခုရက်ပိုင်း ရှမ်းတောင်မှ ရှမ်းမြောက်သွားသည့် နမ့်လန်-ကျောက်ဂူလမ်းတွင် ကုန်ကား အစီး(၃၀၀) ကျော် ပိတ်မိနေပြီး အိမ်စီးကားများလည်း ထွန်စက်ဖြင့် ဆွဲထုတ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ရှမ်းတောင်မှ ရှမ်းမြောက် သွားသည့် နမ့်စန်-ခိုလမ်-ကျေးသီး မိုင်းရယ် လမ်းကြောင်းရှိသော်လည်း ကုန်ကားပေးမဖြတ်သည့် ပြဿနာနှင့် အခွန်အခ များခြင်းတို့ကြောင့် နမ့်လန်-ကျောက်ဂူ လမ်းဘက် သွားကြသည့်ကား များစွာ ရှိကြောင်း သိရသည်။ရှမ်းမြောက်သွားမည့် ခရီးသည် ကားဆရာများအနေဖြင့် မိုးတွင်းတွင် နမ့်လန်-ကျောက်ဂူ၊ ပင်လုံ ကျောက်တန်းလမ်း သွားမည်ဆိုလျှင် မြေပြိုခြင်း၊ မိုးကြီးပြီး လမ်းဆိုးခြင်း အခြေအနေများ ဖြစ်ပေါ်တတ်သောကြောင့် လမ်းအခြေအနေစုံစမ်းပြီး သွားကြရန် ကားဆရာက အကြံပြုသည်။
မိုးတွင်း နမ့်လန်- ကျောက်ဂူကားလမ်းပျက်နေ၍ ကုန်ကား များစွာပိတ်မိနေ
Jul 26 • 3:08 PM
မြန်မာ
ရှမ်း
မျှဝေမည်
6 | 0 | 0 | 0 |