စစ်ကိုင်းတံတားဖြတ်မည့် ကုန်ကားများ မန္တလေးစွယ်တော်ကားကွင်းတွင် စစ်ဆေးခံရမည်

Jul 26 • 12:25 PM

breaking-news

မြန်မာ

မန္တလေး

cover

စစ်ကိုင်းတံတားဖြတ်မည့် ကုန်ကားများ မန္တလေးစွယ်တော်ကားကွင်းတွင် စစ်ဆေးခံရမည်

ရွှေကြက်ယက်(ဇက်ဆိပ်)၊ ရတနာပုံတံတား(စစ်ကိုင်းတံတား)မှ ဖြတ်သန်းသွားလာမည့် ၁၅တန်အောက်၊ ၁၅တန်အထက် ကုန်ကားများအားလုံးကို စစ်ဆေးရေးအဖွဲ့က ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားက...

ရွှေကြက်ယက်(ဇက်ဆိပ်)၊ ရတနာပုံတံတား(စစ်ကိုင်းတံတား)မှ ဖြတ်သန်းသွားလာမည့် ၁၅တန်အောက်၊ ၁၅တန်အထက် ကုန်ကားများအားလုံးကို စစ်ဆေးရေးအဖွဲ့က ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားကြီးကွင်း)၌ ဇူလိုင် ၂၂ ရက်ကစတင်ပြီး စိစစ်နေကြောင်းလည်း သိရသည်တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များ သယ်ဆောင်မှုမရှိစေရန် ကုန်ကားများကို အကောက်ခွန်မှ စိစစ်ပြီးမှသာ စစ်ကိုင်းတံတား ဖြတ်သန်းခွင့် ပေးနေကြောင်းလည်း ထိုနေရာတွင်ရှိနေသော ကုန်ကားသမားများကလည်း ပြောသည်။စစ်ဆေးမှုကြောင့် မန္တလေးစွယ်တော်ကားကွင်းတွင် တန်းစီနေသော ကုန်တင်ကားများလည်း များပြားနေပြီး ကြာရှည်မခံသည့် ကုန်ပစ္စည်းများ ဆုံးရှုံးရမည်ကိုလည်း ကုန်သည်အချို့က စိုးရိမ်မှု ရှိနေကြသည်။ ယခင်ကမူ စစ်ကိုင်းတံတားမှတဆင့် နေ့စဉ်ကုန်ကားပေါင်းများစွာ သွားလာလျက်ရှိပြီး တရားမဝင် စက်သုံးဆီများ သယ်ယူပို့ဆောင်မှုများလည်းရှိနေကာ ယခုကဲ့သို့ စိစစ်ဖြတ်သန်းခွင့်ပြုခြင်းဖြင့် တရားမဝင် စက်သုံးဆီ သယ်ယူ ရောင်းချမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။



news-view-count-icon

40