၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ
မြန်မာနိုင်ငံက ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို
နှစ်လိုဖွယ်ရာမြို့ City of Charmအဖြစ်ပါဝင်ပြသသွားနိုင်ဖို့စီစဉ်နေတယ်လို့မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ က သိရပြီးမြစ်ကြီးနားမြို့ကို City of Charm အဖြစ် ပါဝင်ပြသသွားနိုင်ဖို့ လက်ရှိမှာ လုပ်ငန်းစဥ်တွေညှိနှိုင်းဆွေးနွေးတာတွေပြုလုပ်နေပါတယ်။၂၂ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံ ရဲ့ နှစ်လိုဖွယ်ရာမြို့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ခမ်းနားထည်ဝါစွာ ပါဝင်ပြသသွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်လို့ " မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဘက်ကပြောပါတယ်။တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့၂၀၀၅ ခုနှစ်က စတင်ကာ နှစ်အလိုက် နှစ်လိုဖွယ်ရာမြို့တွေအဖြစ် ပါဝင်မိတ်ဆက်ပြသခဲ့တာလည်းဖြစ်ပါတယ်။



