ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖဒို့မြို့၊ ဆေးရိုးခင်ကျေးရွာမှာ ဇူလိုင် ၂၄ ရက် ညနေက လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။”သစ်ပင်လဲပြီး အိမ်ကိုပိတာ။ ဆေးရုံပို့ချိန်တောင် မရလိုက်ဘူး။ အရင်နေ့တွေက အဲ့လောက်မဟုတ်ဘူး။ ဒီနေ့မှ မိုးကလည်း တနေကုန်ရွာနေတော့ အပြင်မထွက်ကြဘူး။ မိုးကစဲသွားလည်းခဏနဲ့၊ ပြီးရင်ပြန်ရွာတော့ ကလေးတွေကိုတောင် ကျောင်းပေးမသွားကြဘူး။ လေက ရွာမှာ တိုက်ပြီးတော့မှ ဘေးက ၁၄ ရွာဘက်ကိုလွင့်သွားပြီး ၁၄ ရွာမရောက်ခင် သင်္ချိုင်းမှာလည်း ဝင်တိုက်သွားတယ်။”ဟု သိရပါသည်။



