နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ရန်ကုန်လမ်းနဲ့ ရန်ကြီးအောင်လမ်းထောင့်မှာ ဇူလိုင် ၂၄ ရက်နေ့ က မော်တော်ကားတစ်စီးနဲ့ ဆယ်ကျော်သက်အရွယ်ကလေးငယ်နှစ်ဦး စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရပါတယ်။ကားနဲ့တိုက်မိပြီးနောက် ကလေးငယ်နှစ်ဦးဟာ လမ်းဘေးသို့ လွင့်စင်သွားခဲ့ပြီးဆိုင်ကယ်မောင်းနှင်တဲ့ ကလေးတွေထဲက ၁၀ နှစ်အရွယ် ကလေးတစ်ဦးဟာ ဘယ်ဘက်ခြေထောက် ကျိုးသွား ခဲ့ပြီး၊ နောက်တစ်ဦးဖြစ်တဲ့ ၁၀ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးမှာတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
နေပြည်တော်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁၀ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး ဆေးရုံတင်ထားရ
Jul 25 • 12:43 PM
မြန်မာ
နေပြည်တော်
မျှဝေမည်
4 | 0 | 0 | 0 |