မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာတွင်ဇူလိုင်လ ၂၅ ရက်နေ့(ယနေ့)ညနေ ၃ နာရီအချိန်ခန့်က ရပ်ကွက်(၈) အပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့ပြီး နေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးကျော်အထိ ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။ယင်းဖြစ်စဉ်ကြောင့် သစ်ပင်လဲကျခြင်းနှင့် ဓာတ်တိုင်များ လဲပြိုကျကာ လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လေဆင်နှာမောင်း ထပ်မံတိုက်ခတ်၍ လူ ငါးဦးထက်မနည်း ဒဏ်ရာရပြီး၊ နေအိမ် ၅၀ ခန့် ပျက်စီး
Jul 25 • 12:32 PM
မြန်မာ
ပဲခူး
မျှဝေမည်
2 | 0 | 0 | 0 |