၂၄.၇.၂၀၂၅ ရက်ယနေ့၊ ၀၆ နာရီ၂၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငပိချောင်းကျေးရွာ၊ ဥယျာဉ်ဝပေါ်တော်မူသတ္တဌာနဘုရားဝန်းအတွင်း ဘုရားစင်္ကြံလျှေက်လမ်းအမိုးများ အမိုးလန်ပျက်စီးမှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။



