မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မကွေး - တောင်တွင်းကားလမ်း၊ လျောင်းတော်ဦးကျေးရွာအနီးမှာ အိမ်စီးကားတစ်စီးဟာ လမ်းပေါ်မှာ ယာဉ်အချင်းချင်းရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမှာ ထမင်စားနေတဲ့ တောင်သူတွေကို ဝင်တိုက်မိခဲ့တဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၆ နာရီ ၅၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံလူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းဖုဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာတွေနဲ့ အော့အန်မှု သတိလစ်ခဲ့သလို ကျန်အမျိုးသားတစ်ဦးမှာလည်း နဖူးပေါက်ဒဏ်ရာ၊ ရင်ဘတ်အောင့်ဒဏ်ရာ၊ ညာလက်ဖျံအဆစ်လွဲဒဏ်ရာ၊ ညာခြေမကွဲ၊ ဘယ်ဒူးပွန်း ဒဏ်ရာ စတဲ့ ဒဏ်ရာများအသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မကွေး - တောင်တွင်းကားလမ်းမှာ အရှိုန်လွန်မောင်းတဲ့ကားကြောင့် လမ်းဘေးမှာ ထမင်းစားနားနေကြတဲ့ တောင်သူတွေ အတိုက်ခံရပြီး အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရ
Jul 23 • 1:10 PM
မြန်မာ
မကွေး
မျှဝေမည်
| 27 | 0 | 0 | 0 |


