ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မြို့မဈေး အရှေ့ဘက် သမ၀ါယမရုံးရှေ့တွင် အသားရောင်းနေသော ကြက်သားသည်လင်မယားသည် ယနေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်တွင်လင်မယားချင်း စကားများရန်ဖြစ်ရာ လင်ယောကျ်ားအမျိုးသားမှ ဇနီးဖြစ်သူအမျိုးသမီးကို ဓားထိုးခဲ့သည်။င်း အမျိုးသားသည် အမှုဖြစ်ရာနေရာမှ အမျိုးသမီးကို ဓားထိုးပြီး ထွက်ပြေးသွားကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များကလည်း လိုက်လံဖမ်းဆီးနေကြောင်း ၎င်းကဆက်ပြောသည်။ဓားထိုးခံရသည့် ဇနီးဖြစ်သူအမျိုးသမီးအား နာရေးကူညီမှုအသင်း (အောင်ပန်း)က အောင်ပန်းပြည်သူ့ ဆေးရုံမှ ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။



