တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူတွေကြိုတင်ပြင်ဆင်ရန် လိုအပ်

Jul 23 • 12:29 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းနေထိုင်သူတွေကြိုတင်ပြင်ဆင်ရန် လိုအပ်

ရှမ်းပြည်နယ် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက်ကို နောက်(၁၂)နာရီအတွင်းရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမ...

ရှမ်းပြည်နယ် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက်ကို နောက်(၁၂)နာရီအတွင်းရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ထားသည်။တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။လက်ရှိအချိန်မှာ စိုးရိမ်ရေမှတ်အောက် ၁ပေခန့်ကိုရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း တာချီလိတ်မြို့နယ်တွင် ရေကြီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

news-view-count-icon

3