တာချီလိတ်မြို့နယ့်အတွင်း ရွှေဆိုင်များ လာရောက်ရောင်းချရာတွင် ရွှေလုပ်ငန်းရှင်အသင်းအား လိုင်စင်လျှောက်ထားပြီးမှသာ ရောင်းချခွင့်ပြုမည်

Jul 23 • 11:27 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့နယ့်အတွင်း ရွှေဆိုင်များ လာရောက်ရောင်းချရာတွင် ရွှေလုပ်ငန်းရှင်အသင်းအား လိုင်စင်လျှောက်ထားပြီးမှသာ ရောင်းချခွင့်ပြုမည်

ယနေ့ ဇူလိုင် (၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ခရိုင် ၊မြို့နယ် ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများ၊ ဒေသဌာနဆိုင်ရာ တာဝန်ရှိသူများမှ တာချီလိတ်မြို့သို့ လာရောက်ရောင...

ယနေ့ ဇူလိုင် (၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ခရိုင် ၊မြို့နယ် ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများ၊ ဒေသဌာနဆိုင်ရာ တာဝန်ရှိသူများမှ တာချီလိတ်မြို့သို့ လာရောက်ရောင်းချသော ဗိုလ်ချုပ်လမ်းမပေါ်ရှိ (29)ရွှေဆိုင်အား ဝင်ရောက်စစ်ဆေးရာ ၄င်းဆိုင်သည် သတ်မှတ်ထားသော လိုင်စင် ရှိသော်လည်း လိုင်စင်အတွင်း ပေးထားသော ဆ်ုင်လိပ်စာနှင့် ယခု ရောင်းချသော လိပ်စာ မတူညီဘဲ ၊သတ်မှတ်စည်းကမ်းများနှင့် မကိုက်ညီ၍ ဖွင့်လှစ်ခွင့်အား ခေတ္တရပ်နားခိုင်းထားကြောင်း သိရှိရသည်။တာချီလိတ်မြို့နယ်အတွင်း ရွှေရောင်းချရန် လျှောက်ထားစဉ်က လိုင်စင်အတွင်းပါရှိသည့် စည်းကမ်းအချက်များ ပုည့်စုံလျှင် ဖွင့်လှစ်ခွင့် ပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ (၂၅) ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထု တ်ပြန်ထားသည်။လျှောက်ထားရာတွင် သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံ(၂) ဖောင်ကို ပြည့်စုံစွာဖြည့်ပေးရန်၊ လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ၊ ကိုယ်ရေးအကျဥ်းအောက်တွင် လက်မှတ်ရေးထိုးပေးရန်၊ လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကို Bank statement ပြထားသည့်စာရွက် (ဘဏ်မန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မူရင်းစာရွက် ဖြစ်ရမည်) တင်ပြရမည်ဖြစ်ကြောင်း ပါရှိသည်။ထို့ပြင် အရောင်းအဝယ် ပမာဏကို ရွှေအနေဖြင့်ဖော်ပြပေးရန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး( ရွှေဆိုင်ဖွင့်ထားတဲ့ မြို့နယ်ရဲ့ ထွေ/အုပ်က ဆိုင်အတွက် လိုင်စင်လျှောက်ထားမှုအား ကန့်ကွက်မှုမရှိကြောင်း) ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း(သို့) ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်းများအသင်း၏ အသင်းအဖွဲ့ဝင်အဖြစ် မှန်ကန်ကြောင်း ထောက်ခံချက်၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံချက်တို့ပါ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

11