သောင်ရင်းမြစ်ရေ မြင့်တက်လာမှာကြောင့် မြေနိမ်ပိုင်းနေသူများ သတိထားပြင်ဆင်ရန်လို

Jul 23 • 11:12 AM

breaking-news

မြန်မာ

ကရင်

cover

သောင်ရင်းမြစ်ရေ မြင့်တက်လာမှာကြောင့် မြေနိမ်ပိုင်းနေသူများ သတိထားပြင်ဆင်ရန်လို

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က သောင်းရင်းမြစ်ရေဟာ ထပ်မံမြင့်တက်လာနိုင်ခြင်းကြောင့် မြေနိမ့်ပိုင်းနေသူများကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ကြရန်လိုအပ်က...

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က သောင်းရင်းမြစ်ရေဟာ ထပ်မံမြင့်တက်လာနိုင်ခြင်းကြောင့် မြေနိမ့်ပိုင်းနေသူများကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ကြရန်လိုအပ်ကြောင်း ဒေသခံများထံ မှ သိရသည်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနကလည်း ယနေ့ ဇူလိုင်(၂၃)ရက်နေ့မှာ ရေကြီးခြင်းသတိပေးချက်ထုတ်ပြန်ချက်တွင် မြဝတီမြို့ သောင်ရင်းမြစ်ဟာ စိုးရိမ်ရေမှတ်ကို နောက်(၁)ရက်အတွင်းရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ဒါအပြင် နောက် (၂၄)နာရီအတွင်း မိုးရွားသွန်းမှုခန့်မှန်းချက်အရလည်း ကရင်ပြည်နယ်မှာ မိုးရွာသွန်းခြင်းနှင့်အတူ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်းလည်း သိရသည်။

news-view-count-icon

3