ရွှေအရည်အသွေးစစ်ဆေးရေးအတွက် အသင်းချုပ်က ထောက်ခံလက်မှတ်ထုတ်မည်

Jul 23 • 10:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရွှေအရည်အသွေးစစ်ဆေးရေးအတွက် အသင်းချုပ်က ထောက်ခံလက်မှတ်ထုတ်မည်

ရွှေဝယ်သူများ နစ်နာမှုမရှိစေရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က X-Ray ဖန်ချောင်းစက်ဖြင့် အရည်အသွေးစစ်ဆေးသည့်စနစ်ဖြင့် ထောက်ခံလက်မှတ် ထုတ်ပေးရန် စီစ...

ရွှေဝယ်သူများ နစ်နာမှုမရှိစေရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က X-Ray ဖန်ချောင်းစက်ဖြင့် အရည်အသွေးစစ်ဆေးသည့်စနစ်ဖြင့် ထောက်ခံလက်မှတ် ထုတ်ပေးရန် စီစဉ်နေသည်။ ဝယ်ယူချိန်တွင် ဘောက်ချာပေါ်ရှိ ရွှေအမျိုးအစားနှင့် အချိုးအစားများသည် စံချိန်အတိုင်းရှိရန် အာမခံနိုင်မည်ဟု အသင်းချုပ်က ပြောကြားခဲ့သည်။ ထိုစနစ်ကို စားသုံးသူကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ မကြာမီစတင်မည်ဖြစ်သော်လည်း သတ်မှတ်ထားသည့်နေ့မတိုင်မီ ဝယ်ယူထားသောရွှေများကို မစစ်ဆေးပေးနိုင်ကြောင်းလည်း ဖော်ပြထားသည်။


news-view-count-icon

30