ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် စပိုင်ကင်မရာ (သို့မဟုတ်)ဖုန်းကင်မရာဖြင့် မြန်မာ အမျိုးသမီးများကို ခွင့်ပြုချက်မဲ့ရုပ်သံရိုက်ကူးကာ ညစ်ညမ်းစကားလုံးများဖြင့် Youtube တွင် ထုတ်လွှင့်ခဲ့ သည့်တောင်ကိုရီးယားအမျိုးသား မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်သွားကြောင်း STOP Sexual ABUSE to the Children အဖွဲ့ထံမှ သိရသည်။မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့်လာရောက်လည်ပတ်သည့် ဂင်ဂျုံးဂူ(ခ)Tony ဆိုသူ တောင် ကိုရီးယားအမျိုးသားသည် မြန်မာအမျိုးသမီးများကို ဓာတ်ပုံရိုက်ကူးပေးမည်ဟုပြောဆိုကာ ဓာတ်ပုံပို့ပေး ရန်အတွက် viber နံပါတ်များကို တောင်းခံခဲ့ကြောင်း သိရသည်။ ဂင်ဂျုံးဂူ(ခ)Tony သည် ၎င်းရိုက်ကူးထားသည်များကို Youtube မှထုတ်လွှင့်စဉ် အမျိုးသမီးများကို လက်ထပ်ချင်လို၍သော်လည်ကောင်း၊ အတူနေလို၍သော်လည်းကောင်း အလိုရှိပါက ငွေကြေးမည်မျှဟု ဆိုကာ ကိုရီးယားဘာသာစကားဖြင့်ပြောဆိုခဲ့ကြောင်း သိရသည်။အဆိုပါ Youtube channel သည် premium ကြေး (အခကြေးငွေ)ဖြင့် ဝင်ရောက်ကြည့်ရှုရသည့် channel ဖြစ်ကြောင်း သိရသည်။အဆိုပါအမျိုးသားသည် ကိုရီးယားစကားပြောဆိုတတ်သူမိန်းကလေးများအား အလုပ်ရှာပေးမည်ဟုဆို ကာဖြားယောင်းပြီး ဟိုတယ်များတွင်ချိန်းဆိုခြင်း၊ ကိုရီးယားလူမျိုးများနှင့်လက်ထပ်ရန် ဖြားယောင်းမြှူ ဆွယ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းအမျိုးသားနှင့်တွေ့ဆုံခဲ့ဖူးသော၊ ရုပ်သံထုတ်လွှင့်မှုများထဲတွင်ပါဝင်ခဲ့သော အမျိုးသမီးများအနေဖြင့် တရားဥပဒေအရအရေးယူနိုင်ရန် လာရောက်သတင်းပေးပို့နိုင်ကြောင်း၊ အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေးဆိုင် ရာ လုံခြုံရေးအချက်လက်များကို ထိန်းသိမ်းပေးမည်ဖြစ်ကြောင်း STOP Sexual ABUSE to the Children က ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ယခုအခါ ဂင်ဂျုံးဂူ(ခ)Tony ဆိုသည့် ကိုရီးယားနိုင်ငံသားသည် ၎င်း၏ Youtube channel ကို အမည်ပြောင်းလဲခဲ့ပြီး ဗီဒီယိုအချို့ကိုလည်းဖျက်သွားခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ဖြစ်စဉ်မျိုးအပြင် ကိုရီးယားနိုင်ငံသားအချို့သည် မြန်မာစကားပြန်များနှင့်ပူးပေါင်းကာ တရား ဝင်အေဂျင်စီလိုင်စင်မရှိဘဲ မြန်မာအမျိုးသမီးများကိုအလုပ်ခေါ်အင်တာဗျူးဟုဆိုကာ လိမ်လည်ပြီး ဟို တယ်သို့ခေါ်ဆောင်ကာ ကိုရီးယားနိုင်ငံသားများနှင့်လက်ထပ်ရန် သွေးဆောင်ဖြားယောင်းမှုများရှိနေ ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင်အမျိုးသမီးများကို ခွင့်ပြုချက်မဲ့ရုပ်သံရိုက်ပြီး အွန်လိုင်းတင်သည့်ကိုရီးယားအမျိုးသား ထွက်ပြေးတိမ်း ရှောင်သွား
Jul 21 • 12:11 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
7 | 0 | 0 | 0 |