ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေ အိမ်ကိုပြတိုက်အဖြစ်ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာကြည့်ရှုသူများပြားလျက်ရှိသည်။ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားမော်တော်ယာဉ်နှင့် မှတ် တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ် ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်းတို့ကို ခင်းကျင်းပြသထားသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားနေ
Jul 19 • 7:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
3 | 0 | 0 | 0 |