မန္တလေးတိုင်း၊ သဲတောမြို့ ရထားသံလမ်းမှာ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မနက်အစောပိုင်းက အမျိုးသားနှစ်ယောက် ရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ရထားကြိတ်ခံရတဲ့ အမျိုးသားနှစ်ယောက်လုံးက သဲတောမြို့၊အောင်ချမ်းသာရပ်ကွက်ကဖြစ်ပြီး သူငယ်ချင်းတွေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ရထားကြိတ်ခံရပြီးသေဆုံးတဲ့အမျိုးသားနှစ်ယောက်ကို ဆေးရုံကိုပို့ဆောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရရှိပြီဖြစ်ကြောင်းသိရပါတယ်။
မန္တလေးတိုင်း၊သဲတောမှာ ရထားကြိတ်ခံရလို့ အမျိုးသားနှစ်ယောက်သေဆုံး
Jul 19 • 3:22 AM
မြန်မာ
မန္တလေး
မျှဝေမည်
9 | 0 | 0 | 0 |