တောင်ဒဂုံ ယောက်ကော်ပန်းခြံထဲကရေကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Jul 18 • 11:30 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တောင်ဒဂုံ ယောက်ကော်ပန်းခြံထဲကရေကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်မှာရှိတဲ့ ယောက်ကော်ပန်းခြံဝန်းအတွင်းက ရေကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရ...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်မှာရှိတဲ့ ယောက်ကော်ပန်းခြံဝန်းအတွင်းက ရေကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ဒီကနေ့ ဇူလိုင်လ ၁၈ ရက်၊ နေ့လည် ၂ နာရီခွဲအချိန်မှာ အဲဒီရေနစ်နေတယ်ဆိုတဲ့သတင်းကိာ ရရှိခဲ့တဲ့အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။အဲဒီလို အချိန်မီထွက်ခွာခဲ့ပေမယ့် ရေနစ်သူရဲ့ ရုပ်အလောင်းကိုသာ ညနေ ၄ နာရီ ၁၈ အချိန်မှာ ဆယ်ယူပေးနိုင်ခဲ့ ၎င်းရဲ့ရုပ်အလောင်းကို မြို့ဦးလုလင်ပရဟိတအသင်းယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

12