မဟာမြတ်မုနိ ဘုရားကြီး၌ ဥပုသ်နေ့ တစ်ရက်သာ ရွှေသင်္ကန်းကပ်လှူရန် ခွင့်ပြုထားကြောင်း မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မဟာမြတ်မုနိဘုရားကြီးကို ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေခြင်းကြောင့် ဥပုသ်နေ့ တစ်ရက်သာ ရွှေသင်္ကန်းကပ်လှူရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။လက်တလော ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေချိန်အတွင်းဘုရားကြီးပတ်ပတ်လည် လမ်းလျှောက်ခွင့်ကိုတော့ ပိ-တ်ထားဆဲဖြစ်သော်လည်း ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် မဟာမြတ်မုနိဘုရားကြီး၏ မျက်နှာတော်မူရာ ရှေ့တည့်တည့်မှ သံဃာတော်များ တစ်တန်း၊ အမျိုးသား တစ်တန်းနှင့် အမျိုးသမီးတစ်တန်း (၃) တန်းခွဲကာ ဘုရားဝတ်ပြုရန်နေရာ စီစဉ်ပေးထားကြောင်း သိရပါသည်။
မဟာမြတ်မုနိ ဘုရားကြီးကို ဥပုသ်နေ့တစ်ရက်သာ ရွှေသင်္ကန်းကပ်လှူခွင့်ပြုထား
Jul 18 • 10:40 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 55 | 0 | 0 | 0 |


