ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဂေါက် ကွင်းလမ်း၊ Tachileik Night Market တာချီလိတ်ညဈေးတန်းရှိ ဈေးဆိုင်ခန်းများပေါ်သို့ ဇူလိုင် ၁၆ ရက်ညပိုင်းက ကုက္ကိုလ်ပင် တစ်ပင် လှဲကျကာ ဆိုင်းခန်းများ ပျက်စီးပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ကုက္ကိုလ်ပင် တစ်ပင်သည် ပလပ်စတစ်မိုးကာတဲဖြင့် ရောင်းချနေသည့် ဈေးဆိုင်ခန်း သုံးခန်းပေါ်သို့ လှဲကျရာ ဆိုင်းခန်းများ ပျက်စီးခဲ့ပြီး ဆိုင်ခန်းပိုင်ရှင် ဒေါ်လုံး (၄၅ နှစ်)၊ ဒေါ်သန္တာအေး (၃၃ နှစ်)၊ ဦးအားဆာ (၂၅ နှစ်)နှင့် မောင်ဖိုး သား (၁၅ နှစ်)တို့တွင် သစ်ကိုင်များ ရိုက်မိကာ ဒဏ်ရာ(မစိုးရိပ်)များ အသီးသီးရရှိခဲ့ပြီး တာချီလိတ်ခရိုင်ပြည်သူ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။
တာချီလိတ်မြို့ ညဈေးတန်း (ဂေါက်ကွင်းလမ်း)တွင် ဆိုင်ခန်းများအပေါ်သို့ သစ်ပင်ကြီး လဲကျကာ လမ်းဘေးစျေးဆိုင်ပိမိ၊လူ လေးဦးဒဏ်ရာရရှိဟုသိရ
Jul 17 • 1:31 PM
မြန်မာ
ရှမ်း
မျှဝေမည်
6 | 0 | 0 | 0 |