ရန်ကုန်တိုင်းရှိ YBS ပေါ် တွင်အမျိုးသမီးများဘေးထိုင်၍ ညစ်ညမ်းဗီဒီယိုကြည့်သူများရှိလာ

Jul 17 • 7:48 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းရှိ YBS ပေါ် တွင်အမျိုးသမီးများဘေးထိုင်၍ ညစ်ညမ်းဗီဒီယိုကြည့်သူများရှိလာ

ရန်ကုန်မြို့ရှိ YBS ပေါ်တွင် ထိုင်စီးသည့်အခါ အမျိုးသမီးများဘေးတွင် ညစ်ညမ်းဗီဒီယိုများဖွင့်၍ ကြည့် နေသူများ ရှိလာကြောင်း ကိုယ်တိုင်ကြုံသူများမှ ပြောပြလာချက်အရ သိ...

ရန်ကုန်မြို့ရှိ YBS ပေါ်တွင် ထိုင်စီးသည့်အခါ အမျိုးသမီးများဘေးတွင် ညစ်ညမ်းဗီဒီယိုများဖွင့်၍ ကြည့် နေသူများ ရှိလာကြောင်း ကိုယ်တိုင်ကြုံသူများမှ ပြောပြလာချက်အရ သိရသလိုကားကလည်းကျပ်တော့ အနောက်ဘက်ကိုအတင်းတိုးသွားရင်း အနောက်ဘက်မှာ နေရာရလို့ဝင်ထိုင်တဲ့ အခါ ဘေးနားက ထိုင်နေတဲ့အကောင်တစ်ကောင်က ဘေးမှာမိန်းကလေးရှိနေတာတောင် တမင်သက်သက်ကို ညစ်ညမ်းဗီဒီယိုတွေ ဖွင့်ပြီးကြည့်နေတာ၊ အဲဒါနဲ့ ထိုင်မစီးရဲတော့ဘဲ ရှက်ကလည်းရှက် ကြောက်ကလည်းကြောက် ကြောက်နဲ့ မတ်တပ်ရပ်ပြီး ကားအလယ်ပိုင်းကို နေရာပြောင်း သွားရပ်စီးခဲ့ရပါတယ်”ဟု ကိုယ်တိုင် ကြုံသူတစ်ဦးက ပြောသည်။ အချို့မှာလည်း TikTok ဗီဒီယိုကို နားကြပ်တပ်ဆင်နားထောင်ခြင်းမျိုးမရှိဘဲ ဘတ်စ်ကားပေါ် တွင် အသံကုန်ဖွင့်၍ လုပ်ဆောင်ခြင်းများကြောင့် စိတ်အနှောင့်ယှက်ဖြစ်စရာအခြေအနေမျိုးကြုံခဲ့ရကြောင်း ကိုယ် တိုင်ကြုံခဲ့ရသူများထံမှ သိရသည်။ထိုသို့သောကိစ္စရပ်များနှင့်ပတ်သက် ရာဇသတ်ကြီးပုဒ်မ ၂၉၄ တွင် အတိအလင်းပြဋ္ဌာန်းထားခြင်းများရှိ ကြောင်း၊ ထိုပုဒ်မ ၂၉၄ တွင် မည်သူမဆို၊ အခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာတစ်ခုခု တွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ၊ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီးးချင်း၊ စကားတစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း၊ တစ်ခုခုကိုပြုလျှင် အရေးယူနိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဘတ်စ်ကားပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် မိမိ၏ဘေး၌ ညစ်ညမ်းဗီဒီယိုများ ကြည့်ရှုနေသူကိုတွေ့ရှိပါက အဆိုပါပုဒ်မဖြင့် အမှုဖွင့်နိုင် ကြောင်း၊ ထိုပုဒ်မသည် ရဲအရေးပိုင်သောအမှုပုဒ်မမျိုးလည်းဖြစ်ပြီး ရဲမှ ကနဦး ၀ရမ်းထုတ်၍ ဖမ်းဆီးနိုင်သလို အချုပ်အာမခံပေးနိုင်သော်လည်း ကျေအေးခွင့်မရှိသောအမှုမျိုးလည်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေကြီးများထံမှ သိရသည်။


news-view-count-icon

19