မွေတော်ကက္ကူအနီး ပင်စုံရွာအဆင်းလမ်းတွင် မနေ့ဇူလိုင်(၁၅)ရက်နေ့တွင် တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်၍ အသက်(၁၈)အောက် ကလေး(၂)ဦးအပြင် ကားစပီယာ(၁)ဦးသေဆုံးခဲ့ကြောင်း ဖြစ်စဉ် သိရှိသူထံမှ သိရသည်။၎င်းတွဲကားမောင်းလာသူသည် ဒဏ်ရာ ပြင်းထန်ရရှိသဖြင့် အခင်းဖြစ်ပွားသည့် နေရာမှ တောင်ကြီး စဝ်းစံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ထို့ပြင် ပင်စုံရွာလမ်း အဆင်းသည် ကုန်းရှည်သဖြင့်တချို့ကားသမားများသည် နယ်ခံမဟုတ်သည့်အတွက် လမ်းအကြောင်း သေချာ မသိကာ မောင်းနှင်ခြင်းရှိကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။အဆိုပါ သေဆိုဆုံးသွားသည့် လူငယ် နှစ်ဦးသည် ကျောက်တလုံးကြီးမြို့နယ် ရှိ ထီရီးတောင်ရွာ မှ ရွာသားများဖြစ် ကြောင်းနှင့် ၎င်းပင်စုံရွာအဆင်းလမ်းသည် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွါးသည့် နေရာလည်း ဖြစ်ကြောင်းသိရသည်။
မွေတော်ကက္ကူအနီး ပင်စုံရွာအဆင်းလမ်း၌ တွဲကားနှင့် ဆိုင်ကယ် ယာဉ်တိုက်၍ (၃) ဦးသေဆုံး
Jul 16 • 4:01 PM
မြန်မာ
ရှမ်း
မျှဝေမည်
7 | 0 | 0 | 0 |