ဇူလိုင်လ ၁၃ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကမွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက်ရှိ ရေတံခွန်တွင် အသက် ၁၃ နှစ်အရွယ် Grade–6 ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ရေနစ်သေဆုံးခဲ့သည့် ကျောင်းသားလေးမှာ မိဘများ မသိအောင် လာရောက်ရေကူးခဲ့ခြင်းဖြစ်ပြီး ရေထဲကို ဒိုင်ဗင်ထိုးချရမှ ရေနစ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ရေနစ်သေဆုံးခဲ့သည့် ကျောင်းသားလေး၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများမှ ရှာဖွေဆယ်ယူခဲ့ပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက်ရှိ ရေတံခွန်တွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
Jul 13 • 1:52 PM
မြန်မာ
မွန်
မျှဝေမည်
7 | 0 | 0 | 0 |