ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ သိုင်းချောင်း တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော်ရေထဲမျောပါပြီး ဒေသခံပြည်သူ ၅၀၀ ကျော်ရေဘေးရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။မိုးသည်းထန်စွာရွာသွန်းပြီး သိုင်းချောင်းတောင်ကျရေ စီးဆင်းလာတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း မိုင်တိုင် ၁၆၇ နဲ့ ၁၆၉ မိုင်အကြားရှိ ၆ မိုင်၊ ၇ မိုင်နဲ့ ဇီးဖြူပင်ရွာတွေက နေအိမ်တွေ ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ ရေထဲမျောပါကုန်တယ်လို့ ဆိုပါတယ်။ရေစီးသန်တာကြောင့် ၆ မိုင်ရွာက နေအိမ် ၂၀ ကျော်၊ ၇ မိုင်ရွာက နေအိမ် ၈ လုံး၊ ဇီးဖြူပင်ရွာက နေအိမ် ၂၅ လုံးကျော် မျောပါသွားသလို အိမ်တွင်းပစ္စည်းတွေလည်း ပါကုန်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၆၇ မှ ၁၆၉ အကြားကားလမ်းပေါ်မှာ ရေ ၂ ပေခန့်ကျော်နေကာ ကားတွေကတော့ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ သိုင်းချောင်းတောင်ကျရေကြောင့် နေအိမ်ဆယ်ချီမျောပါပြီး ဒေသခံ ၅၀၀ ကျော်ရေဘေးရှောင်နေရ
Jul 12 • 12:51 PM
မြန်မာ
ပဲခူး
မျှဝေမည်
6 | 0 | 0 | 0 |