စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ကုန်တင်သင်္ဘော ၁ စီးတိမ်းမှောက်ပြီး လူ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။အဆိုပါသင်္ဘောဟာ ဇူလိုင် ၅ ရက်က မုံရွာကနေ မန္တလေးဘက်ကို ရေကြောင်းအတိုင်းမောင်းနှင်လာတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး တိမ်းမှောက်တဲ့သင်္ဘောဟာ “ချင်းတွင်းလတ်”အမည်ပါ ကုန်တင်သင်္ဘောဖြစ်ပြီး သင်္ဘောပေါ်မှာ စက်မောင်းနှင်သူအပါ လုပ်သား ၇ ဦး ပါဝင်ပြီး စက်သုံးဆီ၊ ဆန်၊ အခြေခံစားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာတယ်လို့ သိရပါတယ်။သင်္ဘောတိမ်းမှောက်မှုကြောင့် သင်္ဘောပေါ်ပါသူ ၇ ဦးစလုံး ရေနစ်မြုပ်ခဲ့ကာ အဲ့ဒီထဲက ၃ ဦးကိုသာ အသက်ရှင်လျက် ဇူလိုင် ၅ ရက်မှာ နေ့ချင်းပြန်လည်ကယ်ဆယ်ရရှိခဲ့ပေမယ့် ၄ ဦးကတော့ ဒီကနေ့ ဇူလိုင် ၁၂ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။တိမ်းမှောက်သွားတဲ့ သင်္ဘောပေါ်ပါကုန်ပစ္စည်းတွေထဲက အလွယ်တကူသယ်ယူလို့ရတဲ့ ပစ္စည်းတွေကို အနီးအနားနေပြည်သူတွေက ဝိုင်းဝန်းဆယ်ယူပေးခဲ့ကြပြီး သင်္ဘောအောက်ပိနေတဲ့ ပစ္စည်းတွေကိုတော့ ထုတ်ယူလို့မရသေးပါဘူး။ဒါ့အပြင် တိမ်းမှောက်နေတဲ့သင်္ဘောကိုလည်း ဇူလိုင် ၁၂ ရက်အထိ ပြန်လှန်မဆယ်ယူနိုင်သေးဘဲ တိမ်းမှောက်တဲ့နေရာအနီးဝန်းကျင်မှာပဲ ကြိုးတွေနဲ့ဆွဲထားပြီး မျောပါမသွားအောင်ထိန်းထားရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ကုန်တင်သင်္ဘောမှောက်ပြီး လူ ၄ ဦးပျောက်ဆုံးနေ
Jul 12 • 12:49 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
4 | 0 | 0 | 0 |