ဧရာဝတီတိုင်းအတွင်းရှိမိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရန်နှိုးဆော်

Jul 08 • 4:15 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်းအတွင်းရှိမိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရန်နှိုးဆော်

ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတ...

ဧရာဝတီတိုင်းအတွင်းရှိ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာတွင် ဇူလိုင်လ (၂)ရက် နှင့် (၃)ရက်က နှစ်ရက်ဆက်တိုက် မိကျောင်းဆွဲခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်သလိုထပ်မံမဖြစ်ပွားစေရေးအတွက် ဘဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာ ဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် နေ့စဉ် လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ဇွန်လ မှ ဩဂုတ်လအတွင်းသည် မိကျောင်းများ အသိုက်ဖွဲ့သည့်ကာလဖြစ်ပြီး ရေချိုရေငန်စပ် မိကျောင်းများရှင်သင်ပေါက်ပွားကျက်စားသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စက်သည့် ဒီရေတောဒေသများသည် မိကျောင်း အန္တရာယ်ရှိနေသည့် ဒေသလည်း ဖြစ်သည်။





news-view-count-icon

32