ရှမ်းမြောက် လားရှိုးမြို့မှာ မီးကြိုးသူခိုး ၁ ဦးကို ဒေခံတွေ ကိုယ့်နည်းကိုယ့်ဟန် ဖမ်းဆီးရမိထားတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။မနေ့ ဇူလိုင် ၆ ရက်က လားရှိုးမြို့ ရပ်ကွက် ၄ မှာ လူမနေတဲ့ နေအိမ် ၁ အိမ်မှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ခိုးယူတဲ့ သူခိုး ၁ ဦးကို ဖမ်းမိထားတာလို့ ဆိုပါတယ်။နေအိမ်တွေမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကို မကြာခဏ အခိုးခံရတာကြောင့် လားရှိုးမြို့ရှိ သက်ဆိုင်ဌာနတွေထံ တိုင်ကြားထားပေမဲ့ လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနက ဖမ်းဆီးအရေးယူတာ မရှိသေးဘူးလို့ အထက်ပါသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
လားရှိုးမှာ မီးကြိုးသူခိုး ၁ ဦးကို ဒေသခံတွေ ဖမ်းမိ
Jul 07 • 2:56 PM
မြန်မာ
ရှမ်း
မျှဝေမည်
10 | 0 | 0 | 0 |