ပြည်တွင်းတွင် နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်လာ

Jul 07 • 9:15 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်လာ

(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် အောင်မြင်ပုဂ္ဂိုလ်များ စာရင်းကို ယမန်နေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ရာ ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက...

(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် အောင်မြင်ပုဂ္ဂိုလ်များ စာရင်းကို ယမန်နေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ရာ ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်ခဲ့သည်။ မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ အသင်းကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ပရိယတ္တိသာသနဟိတအသင်းကြီး၏ အဘိဝံသစာမေးပွဲ၌ (၃၉)နှစ်ကြာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ဝဋံသကာဘွဲ့ရ ဆရာတော်သည် သက်တော် (၂၃) နှစ်သာ ရှိသေးပြီး ဦးဃောသိတာလင်္ကာရာဘိဝံသ(မစိုးရိမ်တိုက်သစ်) ဖြစ်သည်။အရှင်မြတ်သည် ၁၃၈၆-ခုနှစ်၊ စာသင်တန်း(ပထမ) နှင့် ၁၃ ၈၇ခုနှစ်၊ စာချတန်း(ပထမ) ကို နှစ်မခြားဘဲ (၂)နှစ်တည်းဖြင့် အောင်မြင်ခဲ့သည့်အတွက်ကြောင့် နှစ်ပေါင်း (၃၉)နှစ်တာ ဝေးကွာနေသည့် အဘိဝံသ ဝဋံသကာဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

news-view-count-icon

25