ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အိမ်ခွန်၊ ရေခွန်နှင့် မြေခွန်တို့ကို ကောက်ခံခြင်း လုံးဝ မရှိကြောင်း တောင်ကုတ်မြို့ အခွန်ဌာန က ဆိုသည်။လက်ရှိ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းရေးဆောင်ရွက်ရန် စည်ပင်အခွန်အဖြစ် တစ်အိမ်လျှင် ၅ ထောင်ကျပ်သာ ကောက်ခံခြင်းရှိကြောင်း သိရှိရသည်။တောင်ကုတ်မြို့အတွင်း မြို့ပေါ်ရပ်ကွက် ၅ ခုကို ဦးစားပေးအနေဖြင့် သန့်ရှင်းရန်ဆောင်ရွက်နေပြီး ရေကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း တောင်ကုတ်မြို့ စည်ပင်ဌာနမှ ရုံးပိုင်းဆိုင်ရာတာဝန်ခံက ဆိုသည်။



