UFC 317 ပြိုင်ပွဲမှာ ဗန်က မာနယ်ကပ်ရဲ့ နေရာကို လူးစားဝင် ထိုးပေးခဲ့ကာ ပွဲထိုးနေချိန်မှာတော့ မာနယ်ကပ် က " တစ်ညတည်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ကြိတ်ပစ်လို့ရတယ်" စတေးတပ် တင်ခဲ့ပါတယ်။အဲဒီအကြောင်း နဲ့ ပတ်သက်လို့ ဗန်ကို မှတ်ချက်ပေးဖို့ မေးကြချိန်မှာတော့ "အာ့ဆိုလဲ ဘာလို့ နှုတ်ထွက်သွားလဲ ၊ ဖင် ကြိမ်လုံးနဲ့ အဆော်ခံရမယ့် အရေးကနေ ငါ ကယ်ပေးလိုက်လို့မို့ ၊ ကျေးဇူးတောင် ပြန်တင်ရဦးမယ်" ဆိုပြီး ခပ်ထေ့ထေ့လေး တုန့်ပြန်လိုက်ပါတယ်။ဒါကို မာနယ်ကပ် က ဆတ်ဆတ်ထိမခံဖြစ်ပြီး အခုလို ချက်ခြင်း ထ ပြောပါတယ်။"ကယ်ပေးတယ် ဟုတ်လား? ငါ နှုတ်ထွက်လိုက်တာက မင်းတို့နှစ်ယောက်စလုံးကို သနားလို့ ငဲ့ညှာသလိုတောင် ဖြစ်သွားတာပါ။ ဘာလို့လဲ ဆိုတော့ မင်းတို့နှစ်ယောက်စလုံးပေါ် ငါထိုးပြမယ့် စတိုင်မျိုးနဲ့ ဆိုရင် လူတွေက ဝိတ်ကျောကြီးနဲ့ အနိုင်ကျင့်တယ် ဆိုပြီးတောင် ထင်ချင် ထင်ကြမှာပါ" ဆိုပြီး ထပ်လေတိုက်သွားခဲ့ပါတယ်။
UFC 317 ပြိုင်ပွဲမှာဗန်က မာနယ်ကပ်ရဲ့ နေရာကို လူးစားဝင် ထိုးပေးခဲ့ပေမဲ့Van ကို လိုက်ငြိနေတဲ့ မာနယ်ကပ်
Jul 05 • 8:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
2 | 0 | 0 | 0 |