ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အတွင်း ရေဆင်းချိုးရာမှ မိကျောင်းဆွဲ၍ ဘိုကလေးမြို့နယ်၌ လူ(၂)ဦးအသက်ဆုံးရှုံးခဲ့

Jul 05 • 3:30 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အတွင်း ရေဆင်းချိုးရာမှ မိကျောင်းဆွဲ၍ ဘိုကလေးမြို့နယ်၌ လူ(၂)ဦးအသက်ဆုံးရှုံးခဲ့

အခုရက်ပိုင်းမှာ ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အတွင်း ရေဆင်းချိုးရာမှ အလျား(၁၅)ပေ၊ ဗြက်(၃)ပေခန့်ရှိတဲ့မိကျောင်းကြီးဆွဲချလို့ အမျိုးသား(၂)ဦး အသက်ဆုံးရှုံးသွားတယ်လို...

အခုရက်ပိုင်းမှာ ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အတွင်း ရေဆင်းချိုးရာမှ အလျား(၁၅)ပေ၊ ဗြက်(၃)ပေခန့်ရှိတဲ့မိကျောင်းကြီးဆွဲချလို့ အမျိုးသား(၂)ဦး အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။မိကျောင်းဆွဲလို့ ဇွန်လ(၂)ရက်မှာ ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီး‌ကျေးရွာအုပ်စု၊လှေလုံးကွဲကျေးရွာနေ အသက်(၃၂)နှစ်အရွယ် ဦးသန့်ဇော်ထူးဟာ နေအိမ်ရှေ့ချောင်းစပ်ရေချိုးရင်း မိကျောင်းဆွဲချသွားလို့ အသက်ဆုံးရှုံးခဲ့ရပြီးဇွန်လ(၃)ရက်မှာလည်း ဘိုကလေးမြို့နယ်၊ချောင်းဗြဲကြီး‌ကျေးရွာအုပ်စု၊လှေလုံးကွဲကျေးရွာနေ အသက်(၁၆)နှစ်အရွယ် မောင်ဇော်ဇော်အောင်ဟာ ရွာကင်းတဲတံတားအနီး ရေချိုးနေစဉ် မိကျောင်းဆွဲချသွားလို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဇွန်လမှ သြဂုတ်လအထိ မိကျောင်းအသိုက်ဖွဲ့တဲ့ကာလဖြစ်လို့ မိကျောင်းအန္တရာယ်ကြီးတဲ့ လဖြစ်တယ်လို့သိရပါတယ်။


news-view-count-icon

26