သရုပ်ဆောင် ရတနာခင်ဟာသား ၃ ဦးမွေးဖွားထားတဲ့ထဲက သားအကြီးဆုံးလေး ဇွဲဦးထက်ရဲ့ မွေးနေ့ကိုဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ရတနာခင်ဟာ သားယောက်ကျားလေးတွေပဲ မွေးဖွားထားခဲ့တာဖြစ်ပြီး ဒီကနေ့ကျရောက်တဲ့ သားကြီးရဲ့မွေးနေ့မှာ မိသားစုအပေါ်ကို ရှေ့ကနေမားမားမတ်မတ်ရပ်တည်ကာကွယ်ပေးနိုင်တဲ့ သူဖြစ်ဖို့ ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင် ရတနာခင်တို့မိသားစုဟာ ဒီနှစ်ထဲမှာပဲ ခင်ပွန်းဖြစ်သူ ၊ သားသမီးတွေရဲ့ ဖခင်ဖြစ်သူ ကိုစိုးလှိုင်ဦးကို ဆုံးရှုံးထားတာဖြစ်ပါတယ်။



