တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် မြန်မာနိုင်ငံ မန္တလေးတို့ကြား လေကြောင်း ခရီးစဉ်များကို မတ်လက အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ဆိုင်းငံ့ထားရာမှ ယခုအခါ အဓိက လမ်းကြောင်းကို ပြန်လည်ပျံသန်း ပြေးဆွဲခဲ့ကြောင်း China Eastern Airlines ၏ ယူနန် ဌာနခွဲမှ သိရသလိုကူမင်း-မန္တလေး လမ်းကြောင်းသည် ခရီးစဉ်အမှတ် အမ်ယူ ၂၀၂၉ နှင့် အမ်ယူ၂၀၃၀ တို့ဖြင့် ဘိုရင်း ၇၃၇ လေယာဉ်ကို အသုံးပြု၍ ပျံသန်းပြေးဆွဲခြင်းဖြစ်သည်။ တနင်္လာနေ့၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် အသွားအပြန် လေးကြိမ်ဖြင့် အသွားအပြန် ခရီးစဉ်များအား မဆိုင်းငံ့ထားမီက အချိန်ဇယားအတိုင်း မပြောင်းလဲသေးကြောင်း လေကြောင်းလိုင်းက ဆိုသည်။လေကြောင်းခရီးစဉ်များ ကို ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံကုန်သွယ်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူများအကြား အပြန်အလှန် လည်ပတ်မှုများအပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား သဘာဝဘေးဒဏ်ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေကာ ယူနန်၏ အရှေ့တောင်အာရှနှင့် ချိတ်ဆက်မှုကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ရသည်။



