ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင်ကယ်ရီငှားရမ်းခေါ်ဆောင်ပြီးဓားနှင့်ထိုးကာ ဆိုင်ကယ်လုယက်သူတရားခံ နှစ်ဦးအားသေဒဏ်ချမှတ်ခဲ့

Jul 03 • 5:34 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင်ကယ်ရီငှားရမ်းခေါ်ဆောင်ပြီးဓားနှင့်ထိုးကာ ဆိုင်ကယ်လုယက်သူတရားခံ နှစ်ဦးအားသေဒဏ်ချမှတ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင်လွန်ခဲ့သည့်၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ(၄)ရက်နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ပုသိမ်- မုံရွာသွားကားလမ်းမိုင်တိုင်(၁၃၅/...

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင်လွန်ခဲ့သည့်၂၀၂၄ ခုနှစ်၊ဒီဇင်ဘာ(၄)ရက်နံနက်ပိုင်းက ပန်းတောင်းမြို့နယ်၊ပုသိမ်- မုံရွာသွားကားလမ်းမိုင်တိုင်(၁၃၅/၂)နှင့်(၁၃၅/၃)ကြားရှိကယ်ရီမောင်းသူဦးအေးမြင့်(၆၇)နှစ်မြစစ်ကိုင်းကျေးရွာနေသူတွင်ထိုးသွင်းဒဏ်ရာ(၄)ချက်ဖြင့်‌ေသဆုံးနေသည်ကိုတွေ့ရှိ၍နယ်မြေခံရဲတပ်ဖွဲ့မှဥပဒေအရအမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးဖော်ထုတ်ချက်များအရပြစ်မှုကျူးလွန်သူများဖြစ်သည့်ပေါက်သစ်ကုန်းကျေးရွာနေမင်းမင်း နှင့်ဥသျှစ်ကုန်းမြို့နယ်၊ပြည်တော်သာရပ်ကွက်နေမြတ်နိုးဦး(ခ)မင်းသူ(ခ)တူကြီးတို့အားသက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့၍အမှုနှင့်စစ်ဆေးဆောင်ရွက်ကာတရားစွဲတင်ပို့ခဲ့ကာအဆိုပါအမှုအားပြည်ခရိုင်တရားရုံးမှဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်များအရအမှုမှတရားခံမင်းမင်း နှင့်မြတ်နိုးဦး(ခ)မင်းသူ(ခ)တူကြီးတို့အားရုံးတော်မှ‌ေသဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။

news-view-count-icon

17