ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် ရှပ် (ဂုံး) ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ ငါးရရှိမှုနည်းပါးပြီး အခက်ကြုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။ရှပ်ဆွဲလှေများသည် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ဘက်က အများဆုံးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ရှပ်ဆွဲလှေများက ပင်လယ်ကြမ်းပြင် ရွှံ့နွှံနှင့် သဲအောက်ရှိ ရှပ်လုံးများကို ထွန်ခြစ်ကဲ့သို့ သံဇကာများဖြင့် ဆွဲယူ ဖမ်းဆီးကြခြင်း ဖြစ်သည်။ထို့ကြောင့် ရေနေသတ္တဝါများခိုအောင်းနေထိုင်သည့် နေရာများပျက်စီးသွားပြီး ရှားပါးသွားလေ့ရှိသည်။
ဘုတ်ပြင်း အလယ်မန်ရွာပင်လယ်ပြင်တွင် ရှပ်ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ အခက်ကြုံ
Jul 02 • 1:53 PM
မြန်မာ
တနင်္သာရီ
မျှဝေမည်
7 | 0 | 0 | 0 |