အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ အပက်ခံရလို့ သေဆုံးခဲ့တဲ့ တောင်ငူက အမှုဖြစ်စဉ်မှ တရားခံကို ခရိုင်ရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချ

Jul 02 • 8:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ အပက်ခံရလို့ သေဆုံးခဲ့တဲ့ တောင်ငူက အမှုဖြစ်စဉ်မှ တရားခံကို ခရိုင်ရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချ

အက်ဆစ်နဲ့ အပက်ခံရလို့ သေဆုံးခဲ့တဲ့ ပဲခူးတိုင်း တောင်ငူမြို့က အမျိုးသမီးတစ်ဦးရဲ့ အမှုဖြစ်စဉ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ တောင်ငူခရိုင်တရားရုံးက အပြီးသတ်စီရင...

အက်ဆစ်နဲ့ အပက်ခံရလို့ သေဆုံးခဲ့တဲ့ ပဲခူးတိုင်း တောင်ငူမြို့က အမျိုးသမီးတစ်ဦးရဲ့ အမှုဖြစ်စဉ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ တောင်ငူခရိုင်တရားရုံးက အပြီးသတ်စီရင်ချက်ချမှတ်ခဲ့ကာ ကျုူးလွန်သူတရားခံ အမျိုးသားကို မသေမချင်းကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါအမှုမှာ အက်စစ်နဲ့ အပက်ခံရသူမှာ ဒေါ်အေးမြစန္ဒာမြင့်ဆိုသူဖြစ်ပြီး ပက်သူမှာ အောင်ဆွေလတ် (ခ) အီစာဆိုသူဖြစ်ကြောင်း၊ အဆိုပါ အောင်ဆွေလတ် (ခ) အီစာမှာ ဒေါ်အေးမြစန္ဒာမြင့်ရဲ့ အမအရင်းတော်စပ်သူနဲ့ ပေါင်းသင်းနေထိုင်သူဖြစ်ပြီး ဒေါ်အေးမြစန္ဒာမြင့်က အောင်ဆွေလတ် (ခ) အီစာကို ဘာသာခြားဖြစ်တာကြောင့် သဘောမကျဘဲ ပြောဆိုခဲ့တာတွေလည်းရှိကြောင်းသိရပါတယ်။



news-view-count-icon

61