MNL (U-21) Youth League 2025 (Week-11) ပွဲစဉ်တစ်ပွဲဖြစ်သည့် Yadanarbon အသင်းနှင့် Dagon Star United အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။အဆိုပါပွဲစဉ်၏ AYA Pay Man Of The Match ဆုကို Dagon Star United အသင်းမှ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည့် ကျောနံပါတ် (၁၀) ခန့်ဇော်ဟိန်းကရရှိခဲ့သည်။AYA Pay Man Of The Match အကောင်းဆုံးကစားသမားဆုအတွက် အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်တစ်သိန်းရရှိပြီး ယင်းဆုကို Dagon Star United အသင်း၏ဥက္ကဋ္ဌ ဦးတင်မိုးနိုင် ကချီးမြှင့်ပေးခဲ့သည်။
Yadanarbon 1-1 Dagon Star United ပွဲစဉ်၏ AYA Pay Man Of The Match ဆုကို Dagon Star United အသင်းမှ ခန့်ဇော်ဟိန်းကရရှိ
Jun 29 • 3:18 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
4 | 0 | 0 | 0 |