၂၈.၆.၂၀၂၅ရက်ယနေ့၊ ၀၅နာရီ ၁၀မိနစ် အချိန်ခန့်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကင်းလမ်းနှင့် ပြည်ခိုင်ဖြိုးလမ်းဆုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ မြဝတီမြို့အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၅နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကင်းလမ်းနှင့် ပြည်ခိုင်ဖြိုးလမ်းဆုံတွင် မီးလောင်မှုဖြစ်ပွား
Jun 28 • 1:46 AM
မြန်မာ
ကရင်
မျှဝေမည်
12 | 0 | 0 | 0 |