၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန်မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်ကစားသမားရွေးချယ်

Jun 27 • 8:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန်မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်ကစားသမားရွေးချယ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ဇွန် ၂၃ ရက်နေ့က အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်သလိုမြန်မာ့လက်ရွေးစင် အ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ဇွန် ၂၃ ရက်နေ့က အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက်သလိုမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နည်းပြချုပ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအတွက် ပြီးခဲ့သည့် မေ ၈ ရက်နေ့ကစပြီး ပဏာမကစားသမား ၃၀ ကျော်ဖြင့် လေ့ ကျင့်ပြင်ဆင်ခဲ့သည်။၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို ဇွန် ၂၃ ရက်မှ ဇူလိုင် ၅ ရက်အထိ ကျင်းပမှာဖြစ်ပြီး မြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းသည့် အုပ်စု (C) ၌ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်အသင်းတို့ဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲ၌ အသင်းစုစုပေါင်း ၃၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စု (A) နှင့် (B) ကို ၅ သင်းစီ၊ ကျန်အုပ်စု ၆ ခုကို ၄ သင်းစီနှင့် အုပ်စု ၈ ခုခွဲပြီး ယှဉ် ပြိုင်ရမည်ဖြစ်ကာ ခြေစစ်ပွဲကျင်းပမယ့်ပုံစံအရ အုပ်စုတစ်ခုမှ အမှတ်အများဆုံးတစ်သင်းစီ၊ စုစုပေါင်း ရှစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း ခြေစစ်ပွဲအောင်သည့် ၈ သင်းနှင့် တိုက်ရိုက်ကစားခွင့်ရထားသည့် သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်အသင်းတို့နှင့်အတူ ၂၀၂၆ အာရှဖလား အမျိုးသမီးပြိုင်ပွဲ ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းပါဝင်သည့် ခြေ စစ်ပွဲ အုပ်စု (C) ပွဲစဉ်တွေကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ရန်ကုန် မြို့ရှိ သုဝဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပြီး ဇွန် ၂၉ ရက်မှာ မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊ ဘာရိန်းအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်း၊ ဇူလိုင် ၂ ရက်မှာ မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အ သင်း၊ ဘာရိန်းအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊ ဇူလိုင် ၅ ရက်မှာ မြန်မာအသင်းနှင့် ဘာရိန်းအသင်း၊ ဘင်္ဂလားဒေ့ရှ်အသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကာမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ဂိုး - မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ အိစန္ဒာဇော် (ဧရာဝတီ) နောက်တန်း - ဖြူဖြူဝင်း၊ ဇွန်ယုယဦး (ဧရာဝတီ)၊ ဖြူဖွေး၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး၊ နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊ ခင်မျိုးသန္တာထွန်း၊ ဆောင်းနှင်းဖွေး (ရှမ်းယူနိုက်တက်)၊ အ လယ်တန်း - ဝင်းဝင်း (သစ္စာအားမာန်)၊ နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ယွန်းဝတီလှိုင် (ရန်ကုန်ယူနိုက်တက်)၊ ဖြူဖြူသွေး၊ ရူပါခိုင် (ရှမ်းယူနိုက်တက်)၊ မိုးမိုးသန်း၊ ရွှေရဲထွန်း (အား/ကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (Sabah FC)ရှေ့တန်း - စန်းသော်သော် (ဧရာဝတီ)၊ ခင်မိုမိုထွန်း၊ မြတ် နိုးခင် (သစ္စာအားမာန်)၊ မေထက်လူ (Los Angeles Pierce College)တို့အား ရွေးချယ်ထားကြောင်း သိရသည်။

news-view-count-icon

25