ပြည်တွင်းရှိ သင်္ဘောသားလူသစ်တွေ အသက် ၂၄ နှစ် ၆လ ကျော်ပါက ပြည်ပထွက်ခွင့် ပိတ်ပင်ထား

Jun 27 • 8:53 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ သင်္ဘောသားလူသစ်တွေ အသက် ၂၄ နှစ် ၆လ ကျော်ပါက ပြည်ပထွက်ခွင့် ပိတ်ပင်ထား

ပြည်တွင်း၌ သင်္ဘောသားအဖြစ်လုပ်ကိုင်ဖို့ကြိုးစားနေတဲ့ လူသစ်တွေကို သွားရောက်လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်နဲ့ ၆ မှစပြီး ၃၅ နှစ်အတွင်း ပြည်ပ သွားရောက်...

ပြည်တွင်း၌ သင်္ဘောသားအဖြစ်လုပ်ကိုင်ဖို့ကြိုးစားနေတဲ့ လူသစ်တွေကို သွားရောက်လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်နဲ့ ၆ မှစပြီး ၃၅ နှစ်အတွင်း ပြည်ပ သွားရောက်လုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဆီက သိရပါတယ်။ အဆိုပါ အသက်ကန့်သတ်ချက်က လာမယ့် ဇူလိုင်လ ၁ ရက်မှစပြီး စတင်အကျုံးဝင်မှာဖြစ်ကြောင်း ၊ အဲဒီအချိန်ကစလို့ သတ်မှတ်အသက်အပိုင်းအခြား အမျိုးသားနဲ့အမျိုးသမီးတွေကသင်္ဘောသားအဖြစ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။ ဒါတော့DMAရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်ကတရားဝင်ပိတ်ထားတာပါ။မိန်းကလေးယောကျ်ားလေးအကုန်လို့ပြောပါတယ်။" လို့ သင်တန်းကျောင်းတခုရဲ့ တာဝန်ရှိသူကပြောပါတယ်။ ဒါကြောင့် သင်္ဘောသားအဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီးလုပ်ကိုင်ဖို့အတွက် ရေကြောင်းတက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ အသက် ၂၄ နှစ်နဲ့ ၆ လမတိုင်မီမှာ သင်္ဘောတက်နိုင်ဖို့လိုအပ်တယ်လို့သိရပါတယ်။ သင်္ဘောသား ပြည်ပအလုပ်အကိုင်နဲ့ ပက်သက်ပြီးခုမှစလုပ်မယ့် လူသစ်တွေက အသက် ၂၄ နှစ် ၆ လအထက်မှစပြီး ၃၅ နှစ်ထိ သွားရောက်လုပ်ကိုင်ခွင့်မရှိတော့ဘူးဆိုတဲ့သဘောပါပဲ။ရေကြောင်းတက္ကသိုလ်ဆင်းတွေအနေနဲ့တော့ ၆ နှစ်တက်ရတော့ အသက်၂၂ နှစ်မှာဘွဲ့ရ ၊ပြီးရင် သင်တန်းထပ်တက်နဲ့ဆိုရင် ၂၃ နှစ် ၂၄ နှစ်လောက်မှာ ပြီးမယ်။အဲဒီအချိန်မှာ သင်္ဘော တန်းတက်နိုင်မှပဲ တော်ကာကျမယ့်သဘောပေါ့။ " လို့ သင်္ဘောသား ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူကပြောပါတယ်။ ယခုအလုပ်လုပ်ကိုင်နေဆဲ သင်္ဘောသားတွေ နဲ့ သင်္ဘောသားစာအုပ်လျှောက်ထားပြီး သင်တန်းတက်နေတဲ့သူတွေကတော့ အသက်ကန့်သတ်ချက်မှာမပါဝင်ဘဲ ပုံမှန်လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နိုင်ပြီး လုပ်ကိုင်ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။



news-view-count-icon

56