ထိုင်းနိုင်ငံ၏ အရက်ရောင်းချမှု ဥပဒေသစ် (၂၀၂၅)

Jun 27 • 4:23 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၏ အရက်ရောင်းချမှု ဥပဒေသစ် (၂၀၂၅)

ထိုင်းအစိုးရသည် ဇွန် ၂၇၊ ၂၀၂၅မှစတင်၍ အရက်ရောင်းချမှုဆိုင်ရာ ဥပဒေသစ်ကို အာဏာတည်စေခဲ့သည်။ နံနက်၁၁:၀၀ မှ မွန်းလွဲ ၂:၀၀ အထိ၊ညနေ ၅:၀၀မှ ည ၁၂:၀၀ အထိ ပြောင်းလဲသတ်မှတ်...

ထိုင်းအစိုးရသည် ဇွန် ၂၇၊ ၂၀၂၅မှစတင်၍ အရက်ရောင်းချမှုဆိုင်ရာ ဥပဒေသစ်ကို အာဏာတည်စေခဲ့သည်။ နံနက်၁၁:၀၀ မှ မွန်းလွဲ ၂:၀၀ အထိ၊

ညနေ ၅:၀၀မှ ည ၁၂:၀၀ အထိ ပြောင်းလဲသတ်မှတ်ထားသည်။ ယခင်က ၁၉၇၂ ခုနှစ်ကတည်းက မွန်းလွဲ ၂-၅ နာရီကြား အရက်ရောင်းချမှုကို တားမြစ်ထားခဲ့သော စည်းကမ်းကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည် ။ လေဆိပ်များ နှင့် ဟိုတယ်များတွင် သတ်မှတ်ချိန်ပြင်ပ၌လည်း အရက်ရောင်းချခွင့်ပြုထားသည်။ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုရန် အသေးစားဘီယာချက်စက်ရုံများနှင့် စီးပွားရေးလုပ်ငန်းငယ်များအား ပံ့ပိုးရန် အရက်ကြော်ငြာဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျော့ပေးခြင်းဖြစ်သည်။ဤဥပဒေပြင်ဆင်ချက်သည် ထိုင်း၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။


news-view-count-icon

18