မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ကျောက်မီးသွေးရုံရှိ လက်လီလက္ကားငါးဈေးကြီးကိုဇွန်လ ၂၀ ရက်မှ စတင်ကာ လက်လီလက္ကားငါးဈေးသစ်ကြီးကို မုပွန်ရပ်ကွက်၊ ကျောက်ပွန်ရပ် တိုးချဲ့(၈) လမ်းတွင် အသစ်တည်ဆောက်ထားသောနေရာ၌ ပြောင်းရွေ့ရောင်းချသွားမည်ဖြစ်သည်။စီမံကိန်းပထမပိုင်းလုပ်ငန်းများအနေဖြင့် ၂၄'x၃၀' ငါးဈေး ဆိုင်ခန်း ၆၀ ခန်းနှင့် (၁၂'x၁၅’) ကြက်ဈေးဆိုင်ခန်း ၈ ခန်းတည်ဆောက်ခြင်း၊ရတနာထွန်းငါးဈေးပြောင်းရွှေ့ရာတွင် အဆင်ပြေစေရန်အတွက် အဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်း၊ ရေရှိရေး၊ Tranformer တည်ဆောက်ခြင်းနှင့် ပြင်ပလျှပ်စစ်မီး ရရှိရေးတို့ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ယခုဖွင့်လှစ်ခဲ့သည့် မော်လမြိုင်ငါးဈေးသစ်ကြီးအတွင်း ငါးရောင်းချရာမှာ မရှိမဖြစ်လိုအပ်သည့် ရေခဲစက်နှင့်ငါးများ သိုလှောင်ထားရှိရန် အအေးခန်းစက်ရုံတည်ဆောက်ထားရှိကြောင်း သိရသည်။



