ရန်ကုန်မြို့၊ရွာသာကြီးဘက်မှာရှိတဲ့ အိမ်ယာတခုဖြစ်တဲ့ သုခဒဂုံအငှားအိမ်ယာ တိုက်ခန်းတခုမှာ အိမ်ပေါ်အထိ ပစ္စည်းတက်ခိုးတဲ့သူခိုးက အိမ်ရှင်လင်မယားကိုဓါးနဲ့ထိုးလို့ ယောက်ျားဖြစ်သူသေဆုံးပြီး မိန်းမဖြစ်သူ စိုးရိမ်ပြင်းထန်ဒဏ်ရာရခဲ့တဲ့ မှုခင်းဖြစ်စဥ်တခု ဇွန်လ ၂ဝ ရက်၊ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ တိုက်ခန်းအတွင်း သူခိုးဝင်ခိုးတာကို အိမ်ရှင်အမျိုးသားက တွေ့မြင်သွားခဲ့ပြီး ဖမ်းဆီးဖို့ကြိုးစားစဥ် သူခိုးကဓားဖြင့်(၁၉) ချက်ထိုးကာ ပြေးခဲ့တာလို့ဆိုပါတယ်။လက်ရှိမှာတော့ သေဆုံးခဲ့သူနဲ့ ဒဏ်ရာရရှိသူတို့ကို နယ်မြေခံလူမှုကူညီရေးအသင်းက စံပြဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ပြစ်မှုကျူး လွန်ခဲ့တဲ့ သူခိုးဖြစ်သူကိုလည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် ရန်ကုန်မြို့၊သာကေတမြို့နယ်အတွင်းက နေအိမ်တိုက်ခန်းတခုကို သူခိုးတက်ခိုးပြီး အိမ်ပိုင်ရှင်ပိုင်ဆိုင်တဲ့ အိမ်စာချုပ်စာတန်းတွေနဲ့ ကားအုံနာ Book တွေကိုယူဆောင်သွားခဲ့တဲ့ဖြစ်စဉ်တခုလည်းမကြာသေးမီရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊တိုက်ခန်းပေါ်ပစ္စည်းတက်ခိုးတဲ့သူခိုးကအိမ်ရှင်လင်မယားကိုဓါးနဲ့ထိုးလို့ တယောက်သေပြီးတယောက်ဒဏ်ရာပြင်းထန်
Jun 21 • 2:21 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
6 | 0 | 0 | 0 |