ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသလိုတိုးချဲ့ပြေးဆွဲပေးသည့် လမ်းကြောင်းမှာ ယခင်ဂိတ်ရင်း ငမိုးရိပ် (ကားကြီးဂိတ်) အစား မြောက်ဒဂုံ(ပင်လုံအိမ်ရာ)မှ ပြေးဆွဲပေးခြင်း ဖြစ်သည်။မြောက်ဒဂုံ(ပင်လုံအိမ်ရာ) - ဘုရင့်နောင်လမ်း - ပင်လုံစီးတီးမော်လ် - ဆရာစံလမ်း - ပင်လုံဆေးရုံ - တံတားထိပ်(ပြည်ထောင်စုလမ်း) - တောင်/ မြောက်လမ်းဆုံ - ငမိုးရိပ်(ကားကြီးဂိတ်) - သွားဆေးတက္ကသိုလ် - သုဝဏ္ဏလမ်းဆုံ - ကြက်ဘဲဈေး - အာသောက - တာမွေအ၀ိုင်း - ရွှေဂုံတိုင် - မြေနီကုန်း - ဗားကရာလမ်း - ကြည့်မြင်တိုင်ဘူတာ - ကြည့်မြင်တိုင်(ညစျေး)အထိ တိုးချဲ့ပြေးဆွဲပေးတော့မည် ဖြစ်ပြီးရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် YBS ယာဉ်များကို အဓိကအားကိုးနေကြရကာ နေ့စဉ် ခရီးသည် (၁)သန်းခွဲနီးပါးကို ယာဉ်အစီးရေ (၃,၀၀၀)ကျော်ဖြင့် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။



