ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနဲ့ သီလရှင်ကျောင်းများတွင် အသုံးပြုနေသော မော်တော်ယာဉ်များအား၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့(မနက်ဖြန်)ကို နောက်ဆုံးထားကာ လိုင်စင်မဲ့ယာဉ်စာရင်းများကို တင်ပြရန် လိုအပ်ပြီး ဇွန် ၁၂ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနဲ့ သီလရှင်ကျောင်းများအပါအဝင် ကျောင်းတိုက်အသီးသီးအား အသိပေးစာများ ပေးပို့ထားပါတယ်။တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူအုတ်ဖိုကျောင်းမှတဆင့် မြို့နယ်သံဃာ့နာယကအဖွဲ့ရုံးသို့ တင်ပြရန် ဖြစ်ပြီး အသုံးပြုနေတဲ့ မော်တော်ယာဉ် များအားလုံးကို လိုင်စင်ရှိ/မရှိ မခွဲခြားဘဲ စာရင်းတင် ပြရန် တောင်းခံထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။တောင်းခံထားသော အချက်အလက်များမှာ ယာဉ်သုံးသူ ဘွဲ့တော်အမည်၊ ဖုန်းနံပါတ်၊ သာသနာဝင် အမှတ် မိတ္တူ (၃)စုံ၊ နေရပ်လိပ်စာ၊ မော်တော်ယာဉ်ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘယ်၊ ညာ)၊ ယာဉ်အမျိုး အစား၊ မော်ဒယ်၊ အရောင်၊ ယာဉ်နံပါတ်တို့ဖြစ်ပြီး၊ အချက်အလက်များကို အပြည့်အစုံ တင်ပြရန် ညွှန်ကြားထားပါတယ်။



